တောင်တွင်းကြီး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစာရေး ဝန်ထမ်းများအား ရုံးပိတ်ရက်များအတွက် သီးခြားထောက်ပံ့ငွေပေးအပ်မှုကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်း များအား ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် တစ်ဦးလျှင် နေ့တွက်စရိတ် (၄၈၀၀) ကျပ်နှုန်းဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၂) အုပ်စုမှ စာရေးဝန်ထမ်း (၈၂) ဦးအတွက် တစ်ဦးလျှင် (၉၁၂၀၀) ကျပ်ဖြင့် ငွေကျပ်−၇၄၇၈၄၀၀/- (ကျပ်ခုနှစ်ဆယ့်လေးသိန်းခုနစ်သောင်းရှစ်ထောင့်လေးရာတိတိ)ကို ဝန်ထမ်းတစ်ဦးခြင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)