သင်္ဃန်းကျွန်းမြို့နယ်အတွင်း Lock down ချထားသည့် တိုက်ခန်းများတွင် နေထိုင်သည့် မိသားစု(၂၀၆)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးများ ကူညီထောက်ပံ့

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဖြစ်ပေါ် လျက်ရှိရာ အဆိုပါပိုးတွေ့ လူနာများနှင့် ထိတွေ့မှုရှိခဲ့သော အိမ်ထောင်စုများအား အသွား အလာကန့်သတ် Lock Down ပြုလုပ်ထားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်း (Mask) များနှင့် Face Shield များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အမှတ်(၅) ရပ်ကွက်နှင့် နန္ဒဝန်ဈေးရှေ့ ပြည်သူများသို့ နှာခေါင်းစည်း (Mask) များ၊ Face Shield များတပ်ဆင်ရန် နှာခေါင်းစည်း (Mask) များနှင့် Face Shield များဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီ မိနစ်(၃၀) ခန့်က ဆောင်ရွက်ခဲ့ကြသည်။

ဝေါလေမြိုင်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဒေသခံပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၁ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသ ထားရှိကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေ များ ပေးအပ်

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲ မဖြစ်စေရေးအတွက် ထောက်ပံပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို

မြစ်သားမြို့နယ် ကြက်ခြနီသူနာပြုတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းတို့က အမှာစကားပြောကြားခဲ့ကြသည်။

မြဝတီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပထမအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာမှာ မပါဝင်ခဲ့သောအိမ်ထောင်စုများအား ပြန်လည်ဖြည့်စွက်ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပထမအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ရာမှာ မပါဝင်ခဲ့သော

ရွှေတောင်မြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သောနေအိမ်နှင့် ပြိုလဲခဲ့သော နေအိမ်တို့မှ အိမ်ထောင်စု(၂)စုအား ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တောဟိုင်ကျေးရွာအုပ်စုတွင် ယခုလ၂၁ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မန်ကျည်းပင်ပြိုလဲပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး

သရက်မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပါ်တုန့်ပြန်ရေးကော်မတီမှ (Mask) တပ်ဆင် သွားလာခြင်းမရှိသူများအား ကြပ်မတ် စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပါ်စေရေးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက သရက်မြို့၊ မြို့မဈေးထိပ်၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား ကြပ်မတ် စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများနှင့် (Mask) တပ်ဆင်မလာသူများအား ချက်ချင်း တပ်ဆင် စေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ် အမှတ်(၂)ရပ်ကွက် ယုဇလမ်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက် ကုန်(၄)မျိုးတို့ကို ပေးအပ်လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ယုဇလမ်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အိမ်ထောင်စုတစ်စု လျှင် အခြေခံစားသောက်ကုန်လေးမျိုး ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါလမ်းတွင် စေတနာအလှူရှင် တစ်ဦးမှ လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
Subscribe to