ကျိုင်းတုံ စက်တင်ဘာ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာအတွင်းရှိ အဘိုးအဘွားများအား ယမန်နေ့ ညနေ ၃ နာရီက ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ငွေများ လှူဒါန်းရာတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ ဘိုးဘွားရိပ်သာ နာယက မြရတနာ ဦးကျော်တင့် နှင့် တာဝန်ရှိသူများက ကျိုင်းတုံဘိုးဘွားရိပ်သာမှ အဘိုး (၈)ဦးနှင့် အဘွား (၁၃)ဦး စုစုပေါင်းဘိုဘွား (၂၁)ဦးအား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (ခြောက်သိန်းသုံးသောင်း)ကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးချိန်၌ အဘိုးအဘွား များအတွက် အဟာရနှင့် ဆေးဝါး များ အထောက်အကူဖြစ်စေရန် အဘိုးအဘွားများအား ထောက်ပံ့ငွေများပေးအပ်ရခြင်း ဖြစ်ကြောင်း ကျိုင်းတုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်ထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)