ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ရိခေါ်ဒါရ်       စက်တင်ဘာ     ၂၃

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တတိယအကြိမ်ထောက်ပံ့ငွေများကို စက်တင်ဘာ ၂၃ ရက်က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခု၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးလာလ်ရွတ်ထီးယန်းငါ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ရပ်ကွက်စာရေးများက ရိခေါ်ဒါရ်မြို့ ရပ်ကွက် နှစ်ခုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု ၂၂၀ စုအတွက် ငွေကျပ် ၄,၄၀၀,၀၀၀/- အား တတိယအကြိမ် အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ် ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)