ရေနံချောင်း စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ရန်ကုန်မြို့နယ်မှ ပြန်လာသူ ၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၉ ဦး၏ နှာခေါင်း၊ အာခေါင်တို့ပတ်နမူနာများရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မှ ပြန်လာသူ အသက် ၂၀ အရွယ်အမျိုးသမီး တစ်ဦး၊ လှိုင်သာယာ မြို့နယ်မှ ပြန်လာသူ အသက် ၃၇ နှစ်အရွယ်အမျိုးသမီး တစ်ဦး၊ အင်းစိန်မြို့နယ်မှ ပြန်လာသူ အသက် ၁၇ နှစ်၊ ၂၃ နှစ်၊ ၃၇ နှစ်အရွယ်အမျိုးသား သုံးဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ သင်္ကန်းကျွန်းမြို့နယ်တို့မှ ပြန်လာသူ အသက် ၃၃ နှစ်အရွယ်အမျိုးသား တစ်ဦး၊ အသက် ၃၄ နှစ်အရွယ်အမျိုးသမီး တစ်ဦးနှင့် အသက် ၄ နှစ်အရွယ်အမျိုးသမီး တစ်ဦး စုစုပေါင်း ၉ ဦးတို့၏ နှာခေါင်း၊အာခေါင်တို့ဖတ်နမူနာများကို စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းက ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများက ရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကိုစိုးကြီး