ဂန့်ဂေါ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုး ဆော်ခြင်းများကို ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မကျည်းခင် ကျေးရွာနှင့် တောင်ပြင်ကျေးရွာတို့တွင် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်၊ နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ မဖြစ်မနေတပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်း ချက်များ အား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင် ထားရှိရေး အသိပညာပေး နှိုးဆော်ခြင်း များကို Hand Speaker များအသုံးပြု၍ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများက အသိပေး ကြေညာခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် မိုးရာသီ တွင်ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ကျေးရွာနေပြည်သူများ၏နေအိမ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
မျိုးမင်းသန်း(ပြန်/ဆက်)