မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့များမှ ဈေးများ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ် အတွင်းရှိ မဲဇလီကုန်မြို့ ဗိုလ်အောင်ကျော်ဈေး၊ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များအား သတ်မှတ်စည်းကမ်း နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို ယမန်နေ့ နံနက်၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး Mask များ ဖြန့်ဝေပြီး အသိပညာပေးခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်း မြို့နယ် ဥသျှစ်ပင်မြို့တွင် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း Mask များ ဖြန့်ဝေပြီး အသိပညာပေးခြင်းကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး

နွားထိုးကြီးမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်ခြင်း ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများ အား စားသောက်ကုန်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ညောင်ကျေးရွာ၊ စက်မှုဇုံရှော့ဟောက်၊ ရွှေလင်ပန်းကျေးရွာနှင့် ကျုံစုကျေးရွာအုပ်စုများရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများ စားဝတ်နေ​ရေး အဆင်ပြေစေရန်အတွက် လှိုင်သာယာမြို့နယ် အလှူရှင်များ ကိုယ်စား လှိုင်သာယာမြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များရုံး အဖွဲ့တို့ သွားရောက်၍ ယမန်နေ့ မွန်းလွဲပိုင်းက စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်တွင် စက်ရုံအလုပ်ရုံများ သက်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၁) ရပ်ကွက်တွင် အသက် (၈၀) နှစ်နှင့် (၈၅) နှစ် ကြား သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အသက် (၈၀)နှစ် တင်းတင်းပြည့်ပြီး အသက် (၈၅) နှစ် တင်း တင်းမပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၉ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (တတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းမှစတင်၍

တပ်ကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများ၏ လက်ဝယ်သို့ ထောက်ပံ့ငွေများ လိုက်လံပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ် အရောက်ပေးအပ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများအား လွှဲ ပြောင်းပေးအပ်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မြဝတီရပ်ကွက်၊ နယ်မြေ(၁၂)၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်သို့ ထောက်ပံ့ငွေများ လိုက်လံပေးအပ်ကြောင်း သိရသည်။

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ဈေးသည်များကြောင့် ရောင်းသူနှင့်ဝယ်သူအကြား အဆင်ပြေလျက်ရှိ

ကိုဗစ်-၁၉ ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် နယ်လှည့်ဈေးရောင်းချနေ သော နယ်လှည့်ဈေးသည်များ ကုန်စိမ်းများ လိုက်လံရောင်းချနေ၍ ရောင်းသူနှင့် ဝယ်ယူစားသုံးသူ မိသားစုများအကြား အဆင် ပြေလျက်ရှိသည်။

တနင်္သာရီ၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးနှိုးဆော်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ကာကွယ်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျှက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ Fitness Dance အကအဖွဲ့ဝင်များက ကိုဗစ် - ၁၉ ဆိုင်ရာ လက်ဆေးပါ/အိမ်ထဲမှာနေပါ ပညာပေးသီချင်း တေးသရုပ်ဖော်အကများဖြင့် ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ အောင်မင်္ဂလာဈေး (၁) နှင့်(၂)၊ မြို့မရဲစခန်းအရှေ့လမ်းဆုံ၊ ချောင်းကြီးရပ်ကွက် မင်္ဂလာကြီး လမ်း (၄) ဆုံ၊ တနင်္သာရီတံတားထိပ်ရှိ အဝိုင်းပတ်နေရာများ၌ ကပြဖျော်ဖြေပေးကြကြောင်း သိရသည်။
Subscribe to