မယ်စဲ့မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ရုံးပိတ်ရက်များတွင်  လုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

နောင်မွန်မြို့နယ်၌ နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) အချိန်ခန့်က မြို့နယ်ထွေအုပ် လမ်းစုံ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှာခေါင်းစည်း (၅ဝဝ) ခုအခမဲ့ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်၊ လမိုင်းမြို့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ရှင်စောပုမြို့မ (၁) အဖွဲ့ပိုင်းစျေး ပြုပြင်ဆောင်ရွက်

မွန်ပြည်နယ်၊လမိုင်းမြို့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ရှင်စောပု မြို့မ(၁) အဖွဲ့ပိုင်း စျေးပြုပြင်ဆောင်ရွက်နေမှုကို စက်တင်ဘာလ (၁) ရက်နေ့မှစတင်ပြီး ပြုပြင် ဆောင်ရွက် လျက်ရှိရာ ယနေ့ထိ ၉၀ % ပြီးစီးနေပြီးဖြစ်သည်။

လိပ်သိုမြို့တွင် ရပ်/ကျေးစာရေး၀န်ထမ်းများအား ထောက်ပံ့ကြေးပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး စာရေး၀န်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့ အ.ထ.က (၂) မှ Fitness Dance ကျောင်းသူ၊ ကျောင်းသားလေးများအား ပုလောမြို့ ဝေါလ်ဗီးရှင်းမှ အမှတ်တရ အင်္ကျီများပေးအပ်

ပုလောမြို့ အ.ထ.က(၂)မှ Fitness Dance ကျောင်းသူ၊ကျောင်းသားလေးများအား ပုလောမြို့ ဝေါလ်ဗီးရှင်းမှ အမှတ်တရ အင်္ကျီများကို ယနေ့ နံနက် (၁၁)နာရီက ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိပါက ကြိုတင်ပြင်ဆင်မှုများအနေဖြင့်‌ ဆောင်ရွက်နိုင်ရန် ယနေနံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ဈေးဆိုင်များကို သတ်မှတ်အချိန်များဖြင့်သာ ဖွင့်လှစ်ရောင်းချခြင်းကို နေ့စဉ်အသိပေး ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် အတွင်းရှိ ဈေးရောင်းချသည့် ဆိုင်များကို စက်တင်ဘာ ၂၁ ရက်မှ စတင်၍ သတ်မှတ်အချိန်များဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စက်တင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တံတားဦးမြို့နယ် သစ်တော်ဖျား(မြောက်)ကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြေသားရေကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် နွားခြံကြီးကုန်းကျေးရွာအုပ်စု သစ်တော်ဖျား (မြောက်) ကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည် ။

ဘားအံမြို့အခြေပြု မော်တော်ယာဉ်လိုင်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်တင်ယာဉ်ကြီးများ သတ်မှတ်နေရာ၌သာ ကုန်ပစ္စည်း တင်/ချခြင်းလုပ်ငန်းများဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသော ဘားအံအခြေပြုနှင့် အခြားဒေသအခြေပြု ကုန်ပစ္စည်းတင် မော်တော်ယာဉ် များအား ယမန်နေ့မှစ၍ အမှတ်(၃)ရပ်ကွက်၊ ယခင်မြို့မဘောလုံးကွင်းနေရာ၌သာ ကုန်ပစ္စည်း တင်ချခြင်း လုပ်ငန်းများအား ဆောင်ရွက်စေလျက်ရှိသည်။
Subscribe to