ပန်းတောင်း စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်း မြို့နယ် ဥသျှစ်ပင်မြို့တွင် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း Mask များ ဖြန့်ဝေပြီး အသိပညာပေးခြင်းကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဦးဆောင်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ စျေးတာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့များက မြို့၏ လူစည်ကားရာနေရာများဖြစ်သည့် ဥသျှစ်ပင်စျေးတွင် Mask စနစ်တကျ တပ်ဆင်သွားလာရေးကို အသံဖွင့်လှုံ့ဆော်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပ မထွက်ကြရန် ၊ မဖြစ်မနေထွက်ပါက တစ်ဦးထက်မပိုပဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိစေရန်အတွက် ကြေညာပေးခြင်းများ ကိုဗစ်-၁၉ သီချင်းဖြင့် ပညာပေးကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)