နွားထိုးကြီး၊ စက်တင်ဘာ ၂၄
နွားထိုးကြီးမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်း ကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ပေါ်ရှိ ပါဆယ်စနစ်ဖြင့်ရောင်းချလျက်ရှိသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးရေထားရှိခြင်း ရှိ/မရှိ ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ၊ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်း ကမ်းချက်များနှင့်ကျန်းမာရေးဆိုင်ရာစံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စံသတ်မှတ်ချက်များနှင့်အညီ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျရောင်းချနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်