လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ညောင်ကျေးရွာ၊ စက်မှုဇုံရှော့ဟောက်၊ ရွှေလင်ပန်းကျေးရွာနှင့် ကျုံစုကျေးရွာအုပ်စုများရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် လှိုင်သာယာမြို့နယ် အလှူရှင်များ ကိုယ်စား လှိုင်သာယာမြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များရုံး အဖွဲ့တို့ သွားရောက်၍ ယမန်နေ့ မွန်းလွဲပိုင်းက စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ညောင်ကျေးရွာ၊ စက်မှုဇုံရှော့ ဟောက်၊ ရွှေလင်ပန်းကျေးရွာနှင့် ကျုံစုကျေးရွာအုပ်စုများရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲနှင့် ကြက်ဥများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် လွှတ်တော်ကိုယ်စား လှယ်များရုံးအဖွဲ့တို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိူင်(ပြန် /ဆက်)