ပလောက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (တတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်

ပလောက်၊ စက်တင်ဘာ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက်  နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမတွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင် ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် အိမ်ထောင်စု (၄၇၂) စု၊ အမှတ် (၂) ရပ်ကွက် တွင် အိမ်ထောင်စု (၅) စု၊ အမှတ် (၃) ရပ်ကွက်တွင် အိမ်ထောင်စု (၆၁) စုနှင့် အမှတ် (၄) ရပ်ကွက်တွင် အိမ်ထောင်စု (၂၇၁) စုမှ  ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း (၈၀၉) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆၁၈၀၀၀၀)ကျပ်အား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)