အင်္ဂပူ စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေး၊ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို ယမန်နေ့ နံနက်၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို အင်္ဂပူမြို့နယ် စည်ပင်ကော်မတီအဖွဲ့ဝင် ဦးလှိုင်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ မဲဇလီကုန်မြို့ ဗိုလ်အောင်ကျော်ဈေး၊ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား နှာခေါင်းစည်း(mask) တပ်ဆင်၍ ရောင်းချဝယ်ယူစေရေး၊ မြို့မဈေးအတွင်း ဆေးဝါးဆိုင်များနှင့် အခြေခံ စားသောက်ကုန် ဆိုင်များမှလွဲ၍ ကျန်ရှိသည့် ဆိုင်များဖွင့်လှစ်မှုမရှိစေရေး၊ Take Way စနစ်ဖြင့် ရောင်းချမှု ရှိစေရေးအတွက် သတ်မှတ်စည်းကမ်းများ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ဈေးများ၊ လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာ ဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများအား (၂၁-၉-၂၀၂၀) ရက်နေ့မှ (၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ရောင်းချသွားရန်၊ ပုဂ္ဂလိက ဆေးဝါး အရောင်းဆိုင်များအား (၂၁-၉-၂၀၂၀)ရက်နေ့မှ (၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)