အလုံမြို့နယ် အ-ထ-က(၇)၌ ဖွင့်လှစ်ထား​သော Quarantine Centre သို့​ ရေသန့်ကတ်များ လာရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သစ်​​တောရပ်ကွက်ရှိ အထက(၇)ကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine Centre သို့ ယနေ့ည​နေ(၃:၀၀) နာရီအချိန်က ရေသန့်ကတ်များ လာရောက်လှူဒါန်းခဲ့ကြသည်။

မရမ်းကုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Quarantine Center ပတ်ဝန်းကျင်သို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက် 

ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပေါ်သော သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသည့် Quarantine Centre ပတ်ဝန်းကျင်သို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန် အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက် လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီကအောင်လံမြို့ အ−ထ−က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသော ပိုးတွေ့လူနာ တည်းခိုခဲ့သည့် အေးချမ်းသာ တည်ခိုခန်းအား အဝင်အထွက်ကန့်သက်၍ Lock Down ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ပိုးတွေ့လူနာ အတည်းခိုခဲ့သော မြို့သစ်ရပ်ကွက်၊‌‌ အေးချမ်းသာတည်းခိုခန်းအား ယမန်နေ့ နံနက် ၁၁ နာရီခွဲမှစ၍ အဝင်/အထွက် ကန့်သတ် Lock Down ပြုလုပ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မြို့အဝင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိကာ နေ့ညမပြတ် အရှိန်အဟုန်မြှင့်တင် ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်လျင်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ

ငဖဲမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချူပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး ပြည်သူလူထုကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်မှုများကို ယမန်နေ့ ညနေ ၄နာရီ အချိန်က ငဖဲမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

လမ်းမတော်မြို့နယ် အ.ထ.က(၁) Quarantine Center သို့ အဝတ် Mask၊ ရေသန့်ဘူးနှင့် ဖိနပ်များအား အလှူရှင်များက လာရောက်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် ရန်ကုန်  အနောက်ပိုင်း ခရိုင်၊ လမ်းမတော်မြို့နယ်၊ အ.ထ.က(၁) Quarantine Center သို့ ယမန်နေ့က အဝတ် Mask ၊ ၁လီတာရေသန့်ဘူးနှင့် ဖိနပ်များကိုလာရောက်လှူဒါန်းခဲ့ကြသည်။ 

ရိခေါ်ဒါရ်မြို့၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ရပ်ကွက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဆောင်ရွက်သည်။

အလုံမြို့နယ် သမဝါယမအသင်းစု မိသားစုများအား စား​သောက်ကုန်(၆)မျိုး ​ထောက်ပံ့​လှူဒါန်း

ကိုဗစ် -၁၉ ​ရောဂါဖြစ်ပွား​နေစဉ် ကာလအတွင်း အ​ထောက်အပံ့တစ်ခု ဖြစ်​စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အ​နောက်ပိုင်း အလုံမြို့နယ် သမဝါယမအသင်းစု မိသားစုမျာအား စားသောက်ကုန်များ​ ထောက်ပံ့လှူဒါန်း​ပေးအပ်ခြင်းကို ယ​နေ့ နံနက်(၁၀:၀၀)နာရီအချိန်က အလုံမြို့နယ်​အောက် ကြည့်မြင်တိုင်လမ်းမ​ပေါ်ရှိ သမဝါယမအသင်းရုံးတွင် ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to