စဉ့်ကိုင်မြို့နယ်တွင် စက်ရုံအလုပ်ရုံများ သက်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ စစ်ဆေး

စဉ့်ကိုင်၊ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီ:ဌာမှ ထုတ်ပြန်ထားသောလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နံနက် (၁၀) နာရီက   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံများစစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအညီ  စက်ရုံဝန်ထမ်းများကို စက်ရုံအဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များထားရှိခြင်း ရှိ/မရှိ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ပေးခြင်း ရှိ/မရှိ၊ စက်ရုံ/အလုပ်ရုံများတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဖွဲ့စည်းထားခြင်း၊ အလုပ်သမားများနေထိုင်ရာအဆောင်များတွင် သက်မှတ်ထားသည့် ညွှန်ကြားချက်များအညီ စီစဉ်ပေးထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းမှကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီ:ဌာနမှူး ဒေါက်တာအေးလွင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း ၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံ (၆၂) ရုံကို  အဖွဲ့ (၆) ခွဲကာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)