ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ ရခိုင်ပြည်နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးလုပ်ငန်းများ အတွက် အလှူငွေနှင့် ပစ္စည်းများ ပေးပို့လှူဒါန်း

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ အလှူငွေနှင့် ပစ္စည်းများကို စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်များဖြင့် ရခိုင်ပြည်နယ်အစိုးရထံသို့ ပေးပို့လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်း ဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေးစီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေး စီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေ(၂၆၃၄၀၀၀၀)ကျပ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပင်းတယမြို့၌ မြို့အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး အတွက် ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် မဖြစ်မနေ ခရီးသွားလာနေရသည့် ပြည်သူများအား နေ့စဉ်ကျန်းမာရေးစစ် ဆေးပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာစာရင်းတွင် ပါဝင်သော Case-2022 လူနာသည် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် သတ်မှတ်ရက်ပြည့်ပြီးဖြစ်သည့် ယနေ့နံနက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်း ဈေး၊ စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်သိမ်းသွားရန်နှင့် Stay at Home နေထိုင်သွားစေရန် တွေ့ဆုံဆွေးနွေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်သွားနိုင်ရန် လှည်းကူးမြို့နယ်အတွင်း ဈေး၊ စက်ရုံ၊ အလုပ်ရုံများအား ယာယီပိတ်သိမ်းသွားရန်နှင့် Stay at Home နေထိုင်သွားစေရန် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့နှင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နုန်းနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယနေ့နံနက် အစောပိုင်းက မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြို့တွင်းရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန် စည်ပင်သာယာရေး ဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ နုန်းများ အမှိုက်များကို လျင်မြန်စွာ ရှင်းလင်းဖယ်ရှား လျက်ရှိကြောင်း သိရှိရသည်။

စေတုတ္တရာမြို့နယ် မုန်းတမံရေပိုလွှဲသတ်မှတ်ရေအမှတ်ထက် (၁) ပေ ရေကျော်နေမှုအား ပြည်သူများသို့ အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ သတ်မှတ် ရေအမှတ် (၅၂၁)ပေ ရောက်ရှိနေပြီး သတ်မှတ်ထားသော တမံရေအမှတ် (၅၂၀)ပေထက် (၁)ပေ ကျော်လွန်နေ၍

လှိုင်မြို့နယ်တွင် အသစ်ဖွင့်လှစ်မည့် Hlaing Quarantine Center(3)တွင် အသုံးပြုရန် လိုအပ်​သော ပစ္စည်းများ​ ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ လှူဒါန်း

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက် လှိုင်တက္ကသိုလ် ​မေခ​ဆောင်တွင် ထပ်မံဖွင့်လှစ်​ဆောင်ရွက်မည့် Hlaing Quarantine Center (3) တွင် အသုံးပြုရန်လိုအပ်​သော ပစ္စည်းများ​အား ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ယမန်​​နေ့​ နေ့လယ်က လာ​ရောက်လှူဒါန်းခဲ့ကြသည်။

သုံးခွမြို့၌ Community Based Facility Quarantine ထားရှိရန် ပြင်ဆင်ထား‌သည့် အ.ထ.က(၁)ကျောင်းတွင် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့၌ Community Based Facility Quarantine ထားရှိရန် ပြင်ဆင်ထားသည့် အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များက သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to