ဒဂုံမြို့သစ်(အ ​ရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အထကခွဲ(လ-၄) ကျောင်းတွင် Quarantine Centre ထပ်မံဖွင့်လှစ် ထားရှိနိုင်ရန် ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများထားရှိနိုင်ရန်အတွက် တတိယမြောက် Quarantine Centre ထပ်မံဖွင့်လှစ်ရန် အဆင်ပြေခြင်းရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို online စနစ်ဖြင့်ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်

ဖျာပုံ၌ မြို့နယ်(၄)မြို့နယ်တွင် ကိုဗစ်-၁၉ကာလစီးပွားရေး ထိခိုက်မှုပြန်လည်ကုစားမှု အစီအစဉ်ဖြင့် Cash For Work စီမံကိန်း လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဖျာပုံခရိုင (၄)မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၄၀)၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ကာလအတွင်း ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေးထိခိုက်မှုများအား ပြန်လည်ကုစားသည့် အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခရိုင်အတွင်း Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပခုက္ကူကုန်စည်ဒိုင် ရောင်းဝယ်မှုလုပ်ငန်းများ ယာယီရပ်နားထားမည်

ပခုက္ကူကုန်စည်ဒိုင်ရောင်းဝယ်မှုလုပ်ငန်းများကို စက်တင်ဘာ ၂၅ ရက်နေ့မှစ၍ ယာယီရပ်နားထား မည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကုန်သည် ပွဲစားများအသင်းက ထုတ်ပြန်ထားကြောင်း သိရသည်။

ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေ ရေးနှင့် အချိန်မီကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ည(၇) နာရီက လိုက်လံနှိုးဆော် အသိပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Quarantine Center ထပ်မံဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ Quarantine Center ကို အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ ညပိုင်းက ထပ်မံဖွင့်လှစ်ခဲ့ကြသည်။

ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် မြို့မစျေးသစ်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရေး Quarantine Centre ကြိုတင်ပြင်ဆင်မှုဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက် နိုင်ရေးအတွက် Quarantine Centre ကို မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှု ဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to