မြဝတီ၊ စက်တင်ဘာလ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အသက် (၈၀) နှစ်တင်း တင်းပြည့်ပြီး အသက် (၈၅) နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၉ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းကို မြဝတီမြို့ အမှတ် (၁) ရပ်ကွက်ရှိ အသက် (၈၀) နှစ် တင်းတင်းပြည့်ပြီး အသက် (၈၅) နှစ်တင်းတင်းမပြည့်သေးသည့် သက်ကြီးဘိုးဘွား (၁၅) ဦးအား ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ တစ်ဦးလျှင်ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၅၀၀၀၀) ကျပ်ကို မြဝတီမြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် မြဝတီခရိုင်အမျိုး သမီးရေးရာအဖွဲ့ဝင် ဒေါ်ကေခိုင်တို့က သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်