တနင်္သာရီ၊ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ် လျက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ Fitness Dance အကအဖွဲ့ဝင်များက ကိုဗစ် - ၁၉ ဆိုင်ရာ လက်ဆေးပါ/အိမ်ထဲမှာနေပါ ပညာပေးသီချင်း တေးသရုပ်ဖော်အကများဖြင့် ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ အောင်မင်္ဂလာဈေး (၁) နှင့်(၂)၊ မြို့မရဲစခန်းအရှေ့လမ်းဆုံ၊ ချောင်းကြီးရပ်ကွက် မင်္ဂလာကြီး လမ်း (၄)ဆုံ၊ တနင်္သာရီတံတားထိပ်ရှိ အဝိုင်းပတ်နေရာများ၌ ကပြဖျော်ဖြေပေးကြကြောင်း သိရသည်။
အလားတူ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဝေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်သီသီခိုင်တို့က ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများကို ဈေးသူ၊ ဈေးသားများ၊ ဈေးဝယ်လာသူ မိဘပြည်သူများအပါအဝင် ခရီး သွားပြည်သူများထံ (အခမဲ့) ဖြန့်ဝေပေးကြသည်။ တစ်ဆက်တည်းမှာပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဖြစ်နိုင်ပါက အိမ်မှာပဲနေရန်။ မဖြစ်မနေအပြင်ထွက်ရပါက Mask ကို တပ်ပြီးမှထွက်ကြရန်၊ လူစုလူဝေးရှောင်းရှားရန် စသည့်လမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော် ကြော်ညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)