မြင်းမူမြို့တွင် ပဉ္စမနှစ်အတွက် မြစိမ်းရောင်ချေးငွေများ သတ်မှတ်ကျေးရွာအားလုံးသို့ ထုတ်ချေးပြီးစီး

ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင်၊ မြစိမ်းရောင်မတည်ရင်းနှီးငွေအဖြစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြစိမ်းရောင် ကျေးရွာများအား ထုတ်ချေးပေးလျက်ရှိရာ၊ ပဉ္စမနှစ်လျှာထားကျေးရွာ(၅)ရွာ၏ နောက်ဆုံး ကျေးရွာဖြစ်သည့်၊ ကင်းလေးတောကျေးရွာတွင် ယမန်နေ့က မြစိမ်းရောင်အသင်းဝင် များ၏လက် ဝယ်အရောက် လိုက်လံထုတ်ပေးခဲ့ကြောင်းသိရှိရသည်။

မြစ်ကြီးနား၌ ရာသီဥတုအခြေအနေနှင့် ပြိုကျကျောက်တုန်းကြီးများကြောင့် ဆဒုံး-ကန်ပိုက်တီလမ်းပိုင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာလျက်ရှိ

မြစ်ကြီးနားခရိုင်အတွင်း တစ်ဖက်တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းသွားလမ်း ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်း ကီလိုမီတာ(၉၀/၉၁)ကြားတွင် တံတားညီနောင်အနီး မြေပြိုကျမှုဖြစ်စဉ်ကြောင့် လမ်းရှင်းလင်း ဖယ်ရှားရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိုးအဆက်မပြတ်ရွာသွန်းနေမှုနှင့် ပြိုကျသည့် ကျောက်တုံးကြီးများကြောင့် ရက် အနည်းငယ်ခန့် ကြန့်ကြာနေအုံးမည်ဖြစ်ကြောင်း လမ်းရှင်းလင်းလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။

ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာမှ ပိုးတွေ့လူနာနှင့် ထိတွေခဲ့သည့် မိသားစုဝင် (၅) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာမှ ပိုးတွေ့လူနာနှင့် ထိတွေ့ ခဲ့သော မိသားစုဝင်(၅)ဦး မှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တယ်လို့ ယနေ့ နံနက်ပိုင်းက ရွှေဘိုခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒု-ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေး၏ ပြောပြချက်အရ သိရသည်။

ချောင်းဦးမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာ၊ ကျီကုန်းအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် အသွားအလာကန့်သတ် ထားရှိသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ယနေ့ နံနက်(၈)နာရီ ထုတ်ပြန်ချက်အရ သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများအား အလှူရှင်များက စားသောက်ကုန်များ နေ့စဉ် လှူဒါန်းလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားခဲ့သော ရပ်ကွက်များ အတွင်းရှိ လမ်းများ၌ အသွားအလာ ကန့်သတ်ထားသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက် အသီးသီးမှ စေတနာရှင်များက နေ့စဉ်လာရောက် လှူဒါန်းခဲ့ကြသည်။

မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွက် (Mask) များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အတွက် Mask မျာကို ယနေ့နံနက် (၇)နာရီက ထီးလှိုင်ရှင် ပန်းခြံရှေ့နှင့် မြို့မှစျေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာရှိ စပါးစိုက်ခင်း (၆၅) ဧကအတွင်း ရွှေဘိုခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသန်ကောင်ရေ (၃၂၅၀၀) စိုက်ထည့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကံသစ်ကျေးရွာရှိစပါးစိုက်ခင်း (၆၅) ဧက အတွင်း ယနေ့ နံနက် (၁၀) နာရီက ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန်ကောင်ရေ (၃၂၅၀၀) စိုက်ထည့်ခဲ့ကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မိုင်းဆတ်မြို့၌ မယ်ဆွမ်ချောင်းရေပြန်လည်ကျဆင်းသွားသဖြင့် နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မယ်ဆွမ်ချောင်းရေကြီးရေလျှံဖြစ်ပေါ်ပြီး ရေဝင်ရောက်မှုကြောင့် ယမန်နေ့ညနေပိုင်း က ရွှေ့ပြောင်းခဲ့သည့်နေအိမ်များ ရေပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက် နေအိမ်များသို့ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုလောမြို့နယ် သဘာ၀ဘေးသင့် အိမ်ထောင်စုများ အား ထောက်ပံ့ငွေ ပေးအပ်

တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပုလောမြို့နယ် သဘာ၀ဘေးသင့် အိမ်ထောင်စု များ အား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ က ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရာနှုန်း ပြည့်ဆောက်လုပ ပြီးစီးကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ထံမှ သိရ သည်။
Subscribe to