လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Lock down ချထားသော အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ရေဥက္ကံကျေးရွာအတွင်း ပဒံကျေးရွာနှင့် အပြင်ပဒံကျေးရွာအုပ်စုများရှိ Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် အလှူရှင်များမှ လှူဒါန်းထားသော စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားများလှယ်ရုံး အဖွဲ့တို့ ပူးပေါင်း၍ လှူဒါန်းပေး ခဲ့ကြသည်။