မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွက် (Mask) များ အခမဲ့ဖြန့်ဝေ

မြောင် စက်တင်ဘာ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အတွက် Mask မျာကို ယနေ့နံနက် (၇)နာရီက ထီးလှိုင်ရှင် ပန်းခြံရှေ့နှင့် မြို့မှစျေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Maskများ​​ ပေးဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းညွှန့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရိုင် လူငယ်ရေးရာကော်မတီ အဖွဲ့များက လမ်းသွား လမ်းလာပြည်သူများ၊ မြို့မစျေးအတွင်း စျေးရောင်းသူ/ ဝယ်သူများ ထံသို့ Mask များကို အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ လူငယ်ရေးရာကော်မတီအဖွဲ့နဲ့ ဌာနဆိုင်ရာများပူးပေါင်းပြီး နှာခေါင်းစည်း အခု (၂၀၀၀)ကို နေအိမ်ပြင်ပ မဖြစ်မနေထွက်လာသူ ပြည်သူတွေကို နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ အသိ ပညာတွေပေးတယ် နှာခေါင်းစည်းတွေကို အခမဲ့ဖြန့်ဝေပေးတယ် အခုဆို ရောဂါတွေက နေရာဒေသ အသီးသီးကို ပျံ့နှံ့လာနေပါပြီ တစ်ဦးတစ်ယောက်ကစပြီး စည်းကမ်းရှိမှ ရောဂါကူးစက်မှုတွေ လျော့ နည်းလာမှာပါ " ဟု ခရိုင်လူငယ်ရေးရာ ကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးဗိုလ်ဗိုလ်ခိုင်က ပြောပြ၍ သိရသည်။

တင်ကိုကို(မြောင်)