ကျောင်းကုန်းမြို့တွင်းသို့ ကုန်တင်မော်တော်ယာဉ်များ ဝင်ခွင့်ပိတ်ပင်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင်းသို့ ကုန်တင်မော်တော်ယာဉ်များ မဝင်ရောက်စေရေးကို အထွေထွေအုပ်ချုပ်ရေးရုံး အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့မှ စတင်ကာ ပိတ်ပင်တော့မည်ဟု သိရသည်။

မကွေးမြို့အဝင်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထား

မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၅) ဦး ရှိလာပြီဖြစ်တာကြောင့် မကွေးမြို့ အဝင် ကန်ပြားစစ်ဆေးရေးဂိတ်နဲ့ မကြီးကန် စစ်ဆေးရေးဂိတ် ယာယီကုန်တင်ယာဉ်ရပ်နား စခန်းတွင် ကိုစေ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် စစ်ဆေးမှု များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ် ပြားကျေးရွာရှိ ရေတွင်းတူးလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပြားကျေးရွာနေ ပြည်သူများ ရေကောင်း ရေသန့်ရရှိရေး အတွက် ရေတွင်းတူလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်ကျေးက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင်ရေဘေးသင့်ပြည်သူများအားဆန်ဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းငွေများထောက်ပံ့ပေးအပ်

အပူပိုင်းမုန်တိုင်း နိုး(လ်)အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ဒေသကျေးရွာများရှိ နေအိမ် အချို့ ရေကြီးနစ်မြုပ်ကာ ပြည်သူများ ရေဘေးဒဏ် ခံကြရသလို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာအုပ်စုရှိ ရွှေဂဲညိုကျေးရွာနှင့် ကမ်းစောက် ကျေးရွာ တို့ရှိ အိမ်ထောင်စု(၂၂)စု သည် စက်တင်ဘာ(၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့ကဖြစ်ပွားခဲ့သော မုန်တိုင်း အရှိန်ကြောင့်မြစ်ရေကြီးမှုဘေးဒဏ်ခံကြရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင် ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများသို့ အိမ်ထောင်စုတစ်စုလျှင် အသုံးအဆောင် ပစ္စည်း (၁၇)မျိုး အပြင်ဆန်ဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းအတွက် ငွေ (၁၁၃၃၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၄၉၄၀၀၀)အား ယမန်နေ့ ညနေ ( ၄ )နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင်ထောက်ပံ့ပေးအပ်သည်။

ပွင့်ဖြူမြို့နယ် မြို့မစည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က

ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလ ကျေးရွာနေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆန်များ ပေးဝေ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပန်းတုန်းကြီးကျေးရွာနေ အလှူရှင် ဦးစိန်လင်း+ဒေါ်စန်းနွဲ့ မိသားစုက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍

ကော့ကရိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၁၀၃)စုအား တတိယအကြိမ် ၂၀၀၀၀/-ကျပ်နှုန်းထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု နောက်တိုးများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းမှ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တောင်တွင်းကြီးမြို့မဈေးအတွင်း (Mobile Lab Van) ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း ရောင်းချနေသော စားသောက် ကုန်များအား ဝယ်ယူစားသုံးနေသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ (Mobile Lab Van) ဖြင့် ဈေးကွက် နမူနာ ကောက်ယူစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဉ္စမ အကြိမ်မြောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် (၂) သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်(၁၀) နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲကြောင်း သိရသည်။
Subscribe to