ဟားခါးမြို့၌ ပထမအကြိမ် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဉီးစီးဌာန၊ ဟားခါးပညာရေးကောလိပ်၂၀၁၈−၂၀၁၉ပညာသင်နှစ် ပထမအကြိမ် လုပ်ငန်းခွင်အကြို ဆရာအတက်ပညာဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကိုယနေ့နံနက်၉နာရီက ဟားခါးပညာရေးကောလိပ်၌ ကျင်းပရာချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကအမှာစကားပြောကြားသည်။

ဘားအံမြို့တွင် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့အခမ်းအနားနှင့် ရေယုန်ရောဂါအကြောင်း အသိပညာပေး စာတမ်းဖတ်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် "မြန်မာ့ တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို ကျင်းပခြင်း၊ တိုင်းရင်းဆေး စဉ်ဆက်မပြတ် Traditional Medical Education (CTME) "အစီအစဉ်ဖြင့် ရေယုန် ရောဂါနှင့် ကင်းပုံပင်အကြောင်းသိကောင်းစရာ စာတမ်း ဖတ်ကြားခြင်းကို ယနေ့ နံနက်(၁၀)နာရီက ခုတင် ၅၀ ဆံ့ တိုင်းရင်ဆေးရုံဘားအံတွင် ကျင်းပပြုလုပ်သည်။

ကျိုင်းတုံပညာရေးကောလိပ်၌ (၂၂)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးကောလိပ်တွင်(၂၂)ကြိမ်မြောက် ဆရာအတတ်သင်ပညာ ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

တစ်ဦးချင်း ဆောင်ရွက်ညီမျှမှုအတွက် ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Gender Equality Network ၏ ကူညီထောက်ပံ့မှုဖြင့် မြို့နယ် တောင်သူလယ်သမားများအဖွဲ့မှ ဦးဆောင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အုတ်ကျင်း ရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး၌ ကျင်းပသည်။

မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထရရှိစေရေးနှင့် စာကြည့်တိုက်တွင် ဝင်ထွက်သွားလာခြင်းဖြင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာန တို့ ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးနှင့် NRC တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကိုမောင်ကျေးရွာ အ​​ခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

သီပေါတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဝေါလေမြိုင်မြို့၌ ဟင်းသီးဟင်းရွက်သီးနှံများ ပျိုးထောင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသခံတောင်သူများ ဟင်းသီး ဟင်းရွက်များစနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သီးနှံများ ပျိုးထောင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ တောင်သူဦးစိုးပိုင် သီးနှံစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ် ဥပဒေချုပ်ရုံး၌ ရုံးဝန်ထမ်းများ လုပ်ငန်းခွင် မွမ်းမံသင်တန်းဖွင့်

ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ လမ်းညွှန်ချက်များနှင့် စီမံခန့်ခွဲမှုစနစ်များအပေါ် ပိုမိုနားလည်သိရှိနိုင်ရန်နှင့် ရှောင်ရန်၊ဆောင်ရန်များကို လေ့လာ မှတ်သား လိုက်နာနိုင်စေရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ကျင်းပသည်။

ကိုရိုနာဗိုင်းရပ်(စ်)အကြောင်း အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာအုပ်စာစောင် ပြပွဲကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ အကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to