အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ကုမ္ပဏီများမှ ငွေကျပ်(၁၅)သိန်း လာရောက် လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ကုမ္ပဏီများမှ ငွေကျပ်(၁၅)သိန်း လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် လာရောက် လှူဒါန်း ခဲ့သည်။