ပန်းတောင်းမြို့နယ် မကြီးထုံးကျောင်း ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စမှ ဆေးရုံနှင့် Quarantine Centre သို့ Mask များ အခမဲ့ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရန်အတွက် မကြီးထုံးဓမ္မရောင်ကြည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ မှ မြို့နယ်ကြက်ခြေနီအဖွဲ့သို့ နှာခေါင်းစည်း Mask များလာရောက်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁ဝ) နာရီက ပန်းတောင်းမြို့နယ်ဆေးရုံနှင့် ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် လာရောက် လှူဒါန်းခဲ့သည်။

မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ မြို့ဝင်မြို့ထွက်များတွင် စစ်ဆေးရေး ဂိတ်များထားရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ် နံနက် ၉ နာရီ က စတင်၍ အလေးထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန် အသိပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူလူထုမှ လိုက်နာဆောင်ရွက်သွားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ စားသောက်ဆိုင်များသို့ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို ယနေ့နေ့လယ်ပိုင်း က စတင်၍ လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် (Cash for Work) စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် (Cash for Work)စီမံကိန်းလုပ်ငန်းများကို ကျေး ရွာ(၆)ရွာတွင် ယမန်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပေါင်းတည်မြို့မှ ပြည်ခရိုင်အတွင်းသို့ ဖြတ်သန်း သွားလာမည့်ယာဉ်နှင့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် ဆက်စပ်သည့်နေရာဖြစ်သည့် ပေါင်းတည်မြို့နယ် အဝင် ဘိုးသာအောင်ကုန်း နယ်စပ်တံတားမှ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးသို့ ဖြတ်သန်းသွားလာမည့် အနှေးယာဉ်၊ အမြန်ယာဉ်နှင့် ခရီးသည်တင် ယာဉ်များအားလုံးကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ ရယူခြင်းအပြင် ကျန်းမာရေးဌာနနှင့် ရပ်ကွက်ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားခွင့်ပြုမည်ဟုသိရှိရသည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ (Lock Down) ဖြေလျော့ပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပြန်လည်အသက်ဝင်လာ

နယ်စပ်ဒေသမူဆယ်မြို့နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာတွေ့ရှိပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးထိန်းချုပ် ကုသနိုင်ရန်အတွက် စက်တင်ဘာလ(၁၅)ရက်နေ့မှစတင်၍ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့ကို (Lock Down) ချခဲ့ပြီး ရွှေလီမြို့၊ အကောက်ခွန်ဌာနလည်း ယာယီပိတ်ထားခြင်းကြောင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်နှင့်ဝမ်တိန်မြို့တို့တွင် ကုန်ချမည့်ကုန်တင်များကိုသာ သီးသန့်တင်ပို့ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံ၊ ပို့ကုန်ယာဉ်များထဲ၌ ရွှေလီမြို့သို့ တင်ပို့မည့်ပို့ကုန်ယာဉ်များပြားပြီး ကျယ်ဂေါင်နှင့်ဝမ်တိန်မြို့တို့တွင် ကုန်ချမည့် ပို့ကုန်ယာဉ်စုစုပေါင်း (၅၀)စီးခန့်သာ တစ်ရက်လျှင် ဝင်ရောက်နိုင်ခြင်းကြောင့် နယ်စပ်ကုန်သွယ်စီးဆင်းမှု (၃၀)ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းလာခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အ.ထ.က(၁) ကျောင်းရှိ အားကစားခန်းမဆောင်တွင် Quarantine Centre ထပ်မံဖွင့်လှစ်ထားရှိနိုင်ရန် ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ (အနံ့ပျောက်သူ)များ သီခြားထားရှိနိုင်ရန်အတွက် အ.ထ.က(၁) ကျောင်းရှိ အားကစား ခန်းမဆောင်တွင် Quarantine Centre ထပ်မံ ဖွင့်လှစ်ရန် အဆင်ပြေခြင်းရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၁၂) ဦးအား Swab နမူနာ (၂) ကြိမ်စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား စိစစ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်လာရောက်သည့် ကလေးမြို့မှ Case-1975 နှင့် ခရီးစဉ်တစ်ခုတည်း လိုက်ပါစီးနင်းခဲ့ပြီး ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာသူအား စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိသားစုဝင်(၁၁) ဦးနှင့်အတူ ဟားခါးတက္ကသိုလ် Facility Quarantine Centre တွင် ၁၄ ရက် အသွားအလာ ကန့်သတ်ထားရှိပြီး Swab နမူနာ (၂) ကြိမ်စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်−၁၉ စီပွား​ရေး ကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စားသုံးသူပြည်သူများအပေါ် စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေး အတွက် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ဧကများ ပိုမို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသာမက မျိုးစေ့ထုတ်လုပ်ငန်း တွင် ပါဝင် ပတ်သက်သူများ အကျိုးရှိစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစုများကို လုပ်ကွက်ငယ်တောင်သူ လယ်သမားများ အလွယ်တကူရရှိနိုင်ရန် ရည်ရွယ်၍ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်(၃)ခုတွင် မိုးစပါး မျိုးစေ့ထုတ် (၁၅၀၀) ဧက ဆောင်ရွက်ထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မှော်ဘီမြို့နယ် မြို့မစျေး၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် နှိုးဆော်ထားခြင်းအား လိုက်နာမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ မြို့မစျေး ကြီးသည် စျေးရောင်း၊ စျေးဝယ်များဖြင့် လူစည်ကားရာ နေရာ ဖြစ်သောကြောင့် စျေးများအတွင်း မလိုအပ်ပဲ လူစုလူဝေး မဖြစ်ပေါ်စေရေး ကိုဗစ်-၁၉ ရောဂါကူးစက် မှုမဖြစ်ပေါ်စေရန်နှင့်
Subscribe to