ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး

မြင်းခြံ  စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရာနှုန်း ပြည့်ဆောက်လုပ ပြီးစီးကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ထံမှ သိရ သည်။

 “ကျွန်တော်တို့ ခရိုင်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသစ်ကို ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး သွားပါပြီး ယခုချိန်ထိ ကျွန်တော်တို့ရုံးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ရုံးဝန်းတွင် ဖွင့်လှစ်ထားပြီး တစ်ပတ်အတွင်းမှာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးအသစ်သို့ ရွှေ့ပြောင်း သွားမည်ဖြစ်ကြောင်း” ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်က ပြောသည်။

အဆိုပါ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ (၄၈ပေ _ ၃၆ပေ) သံကူ ကွန်ကရစ် တစ်ထပ် ဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေ (၅၀.၀၇)သန်းဖြင့်  ရွှေခြံမြင့်မိုရ် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ထားကြောင်း သိရသည်။                                     

ကျော်စွာ(မြင်းခြံ)