စစ်ကိုင်းမြို့တွင် နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ရေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍

သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအတွက် (HDU) နှင့် (ICU) အဆောက်အအုံများ ဆောက်လုပ်

သုဝဏ္ဏဘောလုံးကွင်း ဧရိယာဝန်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်လူနာများအား အရေးပေါ်ကုသမှုပေးရန် High Dependency Unit (HDU) နှင့် Intensive Care Unit (ICU) တို့ပါဝင်သည့် ယာယီ အဆောက်အအုံများ တည်ဆောက်လျက်ရှိသည်။

ကျောင်းကုန်း၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ယနေ့၊ နံနက် ၈ နာရီအချိန်ခန့် က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာများအား ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်

ဘီးလင်းမြို့နယ်၌ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

လပွတ္တာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်များ ထောက်ပံ့ပေးအပ်

လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ပေါ်ရှိ ထွေ/အုပ် ဝန်ထမ်းများထံ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ညမထွက်ရ အမိန့်ထုတ်ပြန်

ကိုဗစ်-၁၉ သည် မြန်မာ နိုင်ငံအနှံ့အပြားတွင် ကူးစက်ပျံနှံ့ လျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဆိုပါရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့မှ စတင်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။

ကြို့ပင်ကောက်မြို့၌ မြို့အဝင်ဂိတ်ဖွင့်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ဂုမ္မကွင်းအုပ်စုသာယာကုန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်း PPK ဓာတ်ဆီဆိုင် ရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစခန်း မြို့အဝင်ဂိတ်ကို ယနေ့ နံနက် ၈ နာရီမှ စဖွင့်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးမှုများ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ၏ ခရီးသွား လာခွင့် ထောက်ခံချက်များ ပါ/မပါ စစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။

နတ်မောက်မြို့နယ်၊ သမှုန်းပင်အုပ်စု၊ ကျွေးထူးကန်ကျေးရွာ ရှိ အိမ်ထောင်စုများသို့ ဆန်၊ ကြက်ဥ၊ ပိုးသတ်ဆေးဗူးနှင့် Mask များလှူဒါန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အုပ်စု သမှုန်းပင်ကျေးရွာအုပ်စု၊ ကျွေးထူးကန်ကျေးရွာ ရှိ အိမ်ထောင်စုများသို့ ယမန်နေ့ နေ့လယ် (၂)နာရီခန့်က နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းနှင့် သိဒ္ဓိစုံ ဆန်ရောင်းဝယ်ရေး မိသားစုတို့စုပေါင်းအားဖြင့် ဦးကျော်စွာဦးမိသားစုတို့မှ ဆန်၊ ကြက်ဥ၊ ပိုးသတ်ဆေး၊ Mask များလှူဒါန်းခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာ ၈ ရွာ၌ အလုပ်ပေး ငွေပေး စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ အလုပ်ပေး ငွေပေး (Cash For Work) စီမံကိန်းဖြင့် မြို့နယ်အတွင်း ကျေးရွာ ၈ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို ဇူလိုင်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ပထမပတ်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း သည့် အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to