ရွှေဘို စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကံသစ်ကျေးရွာရှိစပါးစိုက်ခင်း (၆၅) ဧက အတွင်း ယနေ့ နံနက် (၁၀) နာရီက ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန်ကောင်ရေ (၃၂၅၀၀) စိုက်ထည့်ခဲ့ကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးက ရွှေဘို၊ ဝက်လက်၊ ခင်ဦးသုံးမြို့နယ်အတွက် ငါးသယံဇာတ တိုးပွားရေး ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးရေးနှင့်ကျေးလက်နေ ပြည်သူများစပါးရိက္ခာ၊ ငါးရိက္ခာ တိုးပွား စေရေးအတွက် ခင်ဦးမြို့နယ် ၊ကံသစ်ကျေးရွာ ကွင်းအမှတ်(၂၄၀၈)ရှိ တောင်သူ ဦးသန်းကြွယ်၏ မိုးစပါးစိုက်ခင်း တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လမ်းညွှန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ငါးမျိုးများ စိုက်ထည့်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးမှ တောင်သူ များထံ ငါးသားပေါက်များပေးအပ်ခဲ့ပြီ ကံသစ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက ဦးသန်းကြွယ်၏ မိုးစပါးစိုက်ခင်း(၈)ဧကနှင့် ဆက်စပ်လျက်ရှိသော တောင်သူ (၁၂) ဦးပိုင် စပါးစိုက်ခင်းဧက (၆၅) အတွင်းသို့ ငါးခုံးမကြီးငါးသန်ကောင်ရေ (၁၂၅၀၀) နှင့် ရွှေဝါ ငါးကြင်း ငါးသန်ကောင်ရေ (၂၀၀၀၀)၊ စုစုပေါင်းငါးသန်ကောင်ရေ (၃၂၅၀၀) ကို စပါးခင်းများ အတွင်း စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)