အောင်လံမြို့၌ ဧရာဝတီမြစ်အတွင်း ကလေး(၂)ဦး ရေစီးနဲ့မျောပါ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ တရော်ကုန်းရပ်ကွက် ကမ်းနားလမ်း ဧရာဝတီမြစ် ခြောက်ရောင်ခြည်ဘုရားရေဆိပ်တွင် ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီခန့်က ကလေးငယ်(၂)ဦးရေချိုးဆင်းရာမှ ရေစီးနှင့်အတူ ရေနစ်မျောပါခဲ့ကြောင်းသိရသည်။