ပုလော စက်တင်ဘာလ ၂၅
တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပုလောမြို့နယ် သဘာ၀ဘေးသင့် အိမ်ထောင်စု များ အား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ က ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၌ စက်တင်ဘာလ (၁၉၊ ၂၀) ရက်တွင် မိုးသည်ထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခြင်းနှင့် ဒီရေတက်ခြင်းတို့ကြောင့် ပြင်ဘုငယ်ကျေးရွာမှ သဘာ၀ ဘေးသင့်သော နေအိမ်(၂၀) လုံးတွင် တစ်စိတ်တစ်ဒေသ ပျက်စီး (၁၆)လုံး၊ ပြိုကျ (၄)လုံး၊ ခန္တီကျေးရွာမှ သဘာ၀ ဘေးသင့် သော နေအိမ်(၂၀)လုံး (တစ်စိတ် တစ်ဒေသ ပျက်စီး )၊ ကုလားမခေါင်း ကျေးရွာ တွင် သဘာ၀ ဘေးသင့်သော နေအိမ် (၁၅) လုံးတွင် တစ်စိတ် တစ်ဒေသ ပျက်စီး(၁၄) လုံး၊ ပြိုကျ (၁)လုံး၊ တောင်ခေါင်းလောင်းကျေးရွာ တွင် သဘာ၀ ဘေးသင့်သော နေအိမ်(၂) လုံး (တစ်စိတ် တစ်ဒေသ ပျက်စီး )ခဲ့ပြီး၊ စုစုပေါင်း (၅၇)လုံး၌ တစ်စိတ် တစ်ဒေသ ပျက်စီး သည့် နေအိမ် (၅၂) လုံးနှင့် ပြိုကျပျက်စီးသည့် နေအိမ် (၅) လုံး ရှိကြောင်း သိရှိရပါသည်။
အဆိုပါ သဘာ၀ဘေးသင့် အိမ်ခြေ (၅၇)အိမ်၊ အိမ်ထောင်စု (၅၇) စုထဲမှ တစ်စိတ် တစ်ဒေသ ပျက်စီး သည့် နေအိမ်(၅၂) လုံးကို ငွေကျပ် (၁)သိန်းစီ ဖြင့် (၅၂) သိန်း၊ ပြိုကျ ပျက်စီး သည့် နေအိမ် (၅)လုံးအတွက် ငွေကျပ် (၂)သိန်းစီ ဖြင့် (၁၀) သိန်းကျပ် ၊ စုစုပေါင်း ငွေကျပ် (၆၂) သိန်းကို တနင်္သာရီတိုင်းဒေသကြီ:၊ ၀န်ကြီးချုပ် ဦးမြင့်မောင် နှင့် တာ၀န်ရှိသူ များ က ပေးအပ် ခဲ့ကြ ကြောင်း သိရှိရသည်။
အေးအေးမော် ( ပုလော ပြန်/ဆက်)