လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားခဲ့သော ရပ်ကွက်များ အတွင်းရှိ လမ်းများ၌ အသွားအလာ ကန့်သတ်ထားသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက် အသီးသီးမှ စေတနာရှင်များက နေ့စဉ်လာရောက် လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် အသွားအလာကန့်သတ်ထားသော ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် Quarantine ဝင်နေသော အိမ်ထောင်စုများအား လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်း အဖွဲ့များနှင့် ရပ်ကွက် အတွင်းနေ စေတနာရှင်ပြည်သူများမှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ပဲ၊ နှာခေါင်းစည်း (Mask)များ၊ ထမင်းဘူးများ၊ နံနက်စာ၊ နေ့လည်စာ၊ ညနေစာ စားသောက်ဖွယ်ရာများနှင့် မုန့်များအား အလှူရှင် အသီးသီးက နေ့စဉ် လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
ထွန်းထွန်းနိူင်(ပြန် /ဆက်)