ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၈၄)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့က အမျိုးသား (၄၈)ဦး၊ အမျိုးသမီး (၃၆)ဦး စုစုပေါင်း (၈၄)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့ ပါသည်။

မိုင်းတုံမြို့၌ ဒုတိယအကြိမ်ဆန္ဒမဲစာရင်းကြေညာရာတွင် ပြည့်စုံမှန်ကန်ရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည်စုံမှန်ကန်ရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငွေဆောင် အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသူ ၉ ဦး (၁၄) ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် နေအိမ်များသို့ ပြန်ခွင့်ပြု

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် ငွေဆောင်အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၁)ဦးအနက် (၉)ဦး မှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရှောက်ချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော်က ယမန်နေ့ ညနေ (၃)နာရီခွဲက ကျန်းမာကြောင်းထောက်ခံစာများ ပေးအပ်၍ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာတွင် RC (၂) ထပ် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန်အတွက် ငွေကျပ်သိန်း (၁၇၀) ထောက်ပံ့ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာတွင် (၆၀'×၃၀'×၁၂') RC(၂)ထပ် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန် အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဘာသာရေးနှင့် သာသနာရေးအတွက် လှူဒါန်းထောက်ပံ့သည့် ငွေကျပ်သိန်း (၁၇၀) အား ယနေ့ မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မူဆယ်မြို့၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအား ဆေးရုံဆင်းခွင့်ပြု

တရုတ်နိုင်ငံ၊ ရွှေလီရဲဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၊ တာဝန်ရှိသူများက စက်တင်ဘာလ (၁၁) ရက်နေ့တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား တစ်ဦးထံ၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိပြီး မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံသစ်၌ စနစ်တကျ ဆေးကုသလျက်ရှိရာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်ခန့်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို အများပြည်သူများသိရှိစေရန် ဥတ္တရခရိုင်အတွင်း၌ မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် လတ်လလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယမန်နေ့ညပိုင်းက ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်သွားလာ အသုံးပြုစေရေး ကြီးကြပ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများ အနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာ အသုံးပြုစေရေးအတွက် ကြီးကြပ်စစ်ဆေးခြင်းကို ကျေးရွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြားပူးပေါင်းအဖွဲ့တို့မှ ရေငံ-သရက်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင်ကို ဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး ကြေညာခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းပြီး အသိ ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီကအ င်္ဂပူမြို့နယ် စည်ပင်ကျေးရွာအုပ်စုအတွင်းရှိ စီပင်ကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ တဲကြီးကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဖျင်ဇင်းကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တန်(၉၀၀)ဘိလပ်မြေ စက်ရုံမှ အာမခံအလုပ်သမားတစ်ဦးသည် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစုအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀၀(သိန်းကိုးဆယ်)ကို ယနေ့ နံနက် ၁၁ နာရီခန့်က မြို့နယ် လူမှုဖူလုံးရေးရုံးတွင် ထုတ်ပေးခဲ့သည်။

ချင်းပြည်နယ် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း ပွဲကြည့်စင်များ တည်ဆောက်မှု ၆၅ ရာခိုင်နှုန်းပြီးစီး

ချင်ပြည်နယ်၏ အထင်ရှားဆုံး ဘောလုံးကွင်းဖြစ်သည့် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း၏ ပွဲကြည့်စင်များကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်က တည်ဆောက်ခဲ့ရာ ပျက်စီး ယိုယွင်းခဲ့သဖြင့် ချင်းပြည်နယ် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃.၆ သန်းဖြင့် အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ယနေ့ထိ လုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင် ထံမှ သိရသည်။
Subscribe to