ဖောင်းပြင် စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးသည်တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် ဈေးရောင်း ချနိုင်ရေး မှတ်ပုံတင်ဆိုင်ခန်းများနှင့် အသား၊ ငါး ရောင်းချသူဈေးသည်များမှအပ ကျန်ရှိသော ဈေးသည်များကို မြို့နယ် အားကစားကွင်း၌ ယာယီပျံကျဈေးအဖြစ် ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြောင်းရွှေ့ရောင်း ချစေခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောင်းရွှေ့ပေးခဲ့ရာ ဈေးသည်တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ဈေးရောင်းချနိုင်ရေး နေရာများသတ် မှတ်ပေး၍ စနစ်တကျရောင်းချစေပြီး ဈေးအဝင်တွင် စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်း တာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းတို့ကို Mask တပ်ဆင်ပြီးမှ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နိုင်ရန် မြို့နယ် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သည်။
ယင်းသို့ ပြောင်းရွှေ့ပေးခြင်းသည် ကိုဗစ်- ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် ကော်မတီက ထုတ်ပြန်သော စည်းကမ်းချက်များအရ ဒေသတစ်ခုတွင်လည်းကောင်း၊ ဒေသတစ်ခုထက်ပို၍ လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ပြောင်းရွှေ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စည် ပင်သာယာရေးကော်မတီမှ သိရ သည်။
ကိုထွန်း(ဖောင်းပြင်)