ဟုမ္မလင်း စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်တင်ဘာ (၂၄)ရက်နေ့ ညနေ (၄)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်ဆောင်ရွက်သော ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးမင်းလက်၊ ဒုတိယ မြို့နယ်ဦးစီးမှူး ဒေါ်စန်းသီတာတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ကျောင်းဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ်မှာ အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေဖြစ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးမှ သုံးစွဲငွေကျပ်သန်း ၁၃ ဒသမ ၇၈၉၅ သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၇ ဒသမ ၉၁၀၅ သန်း၊ စုစုပေါင်း သုံးစွဲငွေကျပ် ၂၁ ဒသမ ၇ သန်းခန့် ကုန်ကျဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)