ဟုမ္မလင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ကွင်းဆင်း ထုတ်ပေး

ဟုမ္မလင်း စက်တင်ဘာ ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း  ပဉ္စမအကြိမ် ကွင်းဆင်းထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာတို့တွင် ကွင်းဆင်းထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ချေးငွေထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးမင်းလတ်၊ ဒုတိယဦးစီးမှူး ဒေါ်စန်းသီတာ၊ ဒုတိယဦးစီးမှူး ဦးလှိုင်ထွန်းမြင့်နှင့် ဝန်ထမ်းများ၊ ကျေးရွာရှိမြစိမ်းရောင် ကော်မတီဝင်များနှင့် ပူးပေါင်းကာ အသင်းဝင်များ၏ အိမ်တိုင်ရာရောက် လိုက်လံ ထုတ်ပေးခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်းကျေးရွာတွင် စိုက်ပျိုးရေး အသင်းသား (၂၀၇)ဦး၊ ရောင်းဝယ်ရေးအသင်းသား(၁) ဦး၊ စုစုပေါင်း (၂၀၈) ဦးအတွက် ငွေကျပ် (၅၂၅) သိန်းအားလည်းကောင်း၊ မြင်သာကျေးရွာ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်သူအသင်း သား(၁၉၈)ဦး၊  အတွက် ငွေကျပ်(၄၉၀)သိန်းကျပ်ကို ပဉ္စမအကြိမ်မြောက် ကွင်းဆင်းထုတ်ပေးခဲ့ကြကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)