ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေး  ဖျားနာလူနာများနှင့် အထွေထွေရောဂါများ ကို ဆေးပေးခန်းဖွင့်လှစ်၍ ကုသပေး

ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်၌ လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအား အခမဲ့ကုသမှု ဆေးပေးခန်းကို မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၌ ဖွင့်လှစ်ထားရှိပြီး လူနာများကို ကုသမှုလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ ယနေ့နံနက်က လာရောက်ပြသသည့် လူနာများကို ကုသမှုဆောင်ရွက်ပေးနေစဉ်။

ကန်ပက်လက်မြို့၌ ဥပဒေအထောက်အကူပေးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင်စတင်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးဗြဲဈေးတွင် ကိုဗစ်−၁၉ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲဈေးတွင် မြို့နယ် COVID-19 ရောဂါ အသိပညာ ပေးရေးအဖွဲ့အမှတ် (၃)မှ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန်လျင်မြို့နယ်တွင် အနံ့ပျောက်သူများအား စောင့်ကြည့်စခန်း၌ ထားရှိစောင့်ကြည့်မည့် နေရာပြင်ဆင်ထားမှုစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိအတည်ပြုလူနာ များနှင့် ထိတွေ့မှုမရှိဘဲ အနံ့ပျောက်သူများအား သီးခြားစောင့်ကြည့်စင်တာများတွင် ထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ထံမှ သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်ရေးအတွက် နှာခေါင်းစည်း၊ ကာဘော်လစ် ဆပ်ပြာများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မုတ္တမပင်လယ်ကွေ့ စီမံချက်အဖွဲ့ တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကဝမြို့အတွင်း ဝင်ထွက် သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်းနှင့် ကာဘော်လိပ်ဆပ်ပြာများ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကဝမြို့အဝင်သစ်ဆိုင်အနီး၌ ဆောင်ရွက်ခဲ့သည်။

ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ဝင်ရောက်ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Worldview International Foundation မှ ကျန်မာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ရွှေသောင်ယံမြို့အမှတ် (၃) ရပ်ကွက်ရှိ Worldview International Foundation မှ ယမန်နေ့နံနက် (၁၁) နာရီက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ)အုတ်ဖို ကန့်သတ်စောင့်ကြည့်ရေးစင်တာသို့  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင် စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာလေးခုကို မြို့နယ်အတွင်းဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး စက်တင်ဘာလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်း က အ.ထ.က(ခွဲ)အုတ်ဖို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ မြို့မပရဟိတ လူငယ်အဖွဲ့နှင့် အလှူရှင်များက ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများကို သွားရောက်လှူဒါန်းပေး ခဲ့ကြသည်။

ဟိုပုံးမြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်သို့ ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အား ယနေ့မွန်းလွဲ ၂နာရီအချိန် က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ကွင်းဆင်းထုတ်ချေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၂၃)ယူနစ်မှ အကျိုးပြုကျေးရွာ (၃၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့မွန်းလွဲ (၃)နာရီအချိန် က ဟိုနောင်လုံကျေးရွာမှ အသင်းဝင် (၇၉)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေကို ကွင်းဆင်းထုတ်ချေးပေးခဲ့သည်။
Subscribe to