သန်လျင် စက်တင်ဘာ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိအတည်ပြုလူနာ များနှင့် ထိတွေ့မှုမရှိဘဲ အနံ့ပျောက်သူများအား သီးခြားစောင့်ကြည့်စင်တာများတွင် ထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ထံမှ သိရသည်။
သန်လျင်မြို့မှာ ရောဂါပိုးတွေ့ရှိ အတည်ပြုလုနာများနဲ့ ထိတွေ့မှုမရှိဘဲ အနံပျောက်သူတွေ များလာတယ်၊ ဒါသတိထားစောင့်ကြည့်ဖို့ လိုလာတာပါ၊ အဲဒီအနံ့ပျောက်သူတွေကို စောင့်ကြည့်စင်တာတွေမှာထားဖို့ မြို့နယ်အစီ အစဉ်နဲ့ ဆောင်ရွက်တာပါ၊ သန်လျင်မှာ အနံ့ပျောက်သူတွေ များလာသလို ရောဂါပိုးအတည်ပြုလူနာတွေနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေကိုလည်း သီးသန့်စောင့်ကြည့်ဖို့အတွက် နည်းပညာတက္ကသိုလ် (သန်လျင်) နဲ့ အ-ထ-က (၄)ကျောင်း၊ သူနာပြုသင်တန်းကျောင်း (သန်လျင်) မှာ ခွဲခြားကာထားရှိသွားမှာပါ။ လက်ရှိ လဲ စောင့်ကြည့်စင်တာတွေမှာ စောင့်ကြည့် နေသူတွေများလာလို့ စောင့်ကြည့်စင်တာတွေ တိုးချဲ့နေရတာပါ။ အနံ့ပျောက်သူတွေကို သူတို့ရဲ့နေအိမ်တွေမှာ မထားဘဲ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခုလိုစောင့်ကြည့်ပေးဖို့ ပူးပေါင်းဆောင်ရွက်ရတာပါ စောင့်ကြည့်သူ တွေကို နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေး စတာတွေကိုပါ တာဝန်ယူရ တာပါ ဒီရောဂါက ဒုတိယလှိုင်းမှာ ကူးစက်နှုန်းမြန်တယ်။ ရောဂါကူးတဲ့သူတွေများတယ် ဒါကို မြို့မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ရောဂါကူးစက်မှုမခံရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာပြီး မိမိတို့နေအိမ်ထဲမှာဘဲ ဒီ (၂)ပတ် လောက်နေပေးကြပါ၊ စားသောက်ကုန်ပစ္စည်းနဲ့ ဆေးဝါးဝယ်ယူရမယ်ဆိုလဲ ၁ ဦး၊ ဆေးရုံဆေးခန်းသွားရမယ်ဆိုလည်း ၂ ဦးစတဲ့ ညွှန်ကြားထားတဲ့အတိုင်း Stay at Home နေပေးစေချင်ပါတယ်၊ သန်လျင်မြို့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာများနဲ့ သေဆုံးသူတွေရှိလာတယ်၊ ကျွန်တော်တို့မြို့မှာ ဒီရောဂါကြီး ကို ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်နေပါတယ်၊ ပြည်သူတွေ အနေ နဲ့လည်း ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပူးပေါင်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ဟု သန်လျင်မြို့နယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ဆက်လက်ပြောကြားခဲ့သည်။
သက်ခိုင် (သန်လျင်)