ကော့သောင်းမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး မီးပွိုင့်စနစ် စတင်အသုံးပြု

ကော့သောင်းတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး မီးပွိုင့်စနစ်ကို မြို့၏ ယာဉ်အသွားအလာများပြားရာ နေရာ နှစ်ခုတွင် ယမန်နေ့မှ စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာလအတွင်းမှာ အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကြက်ဥနှင့်Maskများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ မြန်မာစီးပွားရေးဘဏ်နှင့် မြို့မဈေး၊ တမ္ပဝတီဈေးတို့တွင် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် Book Club ၊ Woman Club နှင့် Youth Club လူငယ်များစုပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုစေရန်အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် အသက် (၈၀) နှစ်ပြည့်ပြီး အသက် (၈၅) နှစ်မပြည့်သေးသည့် အဘိုး၊ အဘွား (၁၄၀၀) ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် အဘိုး၊ အဘွား (၁၄၀၀) ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် ကုတင် (၃၀၀) ဆံ့ ဆေးရုံကြီး အထူးကုပြင်ပလူနာဌာန၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရေဖြူမြို့ စည်ပင်သာယာဈေးသူ ဈေးသားများနှင့် လမ်းသွားလမ်းလာသူများအား နှာခေါင်းစည်း(Mask)များနှင့် ဆပ်ပြာဆီများအခမဲ့ဖြန်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ စည်ပင်သာယာဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာစေရန်နှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈နာရီက ရေဖြူမြို့ စည်ပင်သာယာဈေးနှင့် မေတ္တာလမ်း၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေရန် လူတစ်ဦးလျှင် နှာခေါင်းစည်း (Mask) သုံးခုစီ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

မအူပင်မြို့နယ်အတွင်းရှိ ဘန္ဒာပင်ဈေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဘန္ဒာပင်စျေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်စည်ပင်သာရေးကော်မတီအဖွဲ့တို့က ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထန်းတပင်၌ အသွားအလာ ကန့်သတ်ထားရှိသူ(၅၆)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသဖြင့် Home Quarantine ဝင်ရောက်ရန်နေအိမ်များသို့ ပြန်လည်စေလွှတ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အခြေခံပညာကျောင်းလေးကျောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် အသွားအလာများ ကန့်သတ်ထားကာ သီးခြားနေထိုင်စောင့်ကြည့်မှုများကို ဆောင်ရွက်ထားရှိပြီး အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက် တန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားရှိသူ (၅၆)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ ရှိသဖြင့် Home Quarantine (၇)ရက်တာ ပြန်လည်ဝင်ရောက် နေထိုင်ရန် ၎င်းတို့၏ နေအိမ်များသို့ စက်တင်ဘာလ(၂၅)ရက်နေ့က ပြန်လည်စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။

ပြည်သူများ အွန်လိုင်းမှတစ်ဆင့် အသိပညာဗဟုသုတရရှိစေရန် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ရုံး၏ ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဒေါ့ဖုန်းယန်မြို့အတွင်း စတုတ္ထအကြိမ် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ်အရောက် ထပ်မံပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to