ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေး  ဖျားနာလူနာများနှင့် အထွေထွေရောဂါများ ကို ဆေးပေးခန်းဖွင့်လှစ်၍ ကုသပေး

ရန်ကုန် စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်၌ လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအား အခမဲ့ကုသမှု ဆေးပေးခန်းကို မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၌ ဖွင့်လှစ်ထားရှိပြီး လူနာများကို ကုသမှုလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ ယနေ့နံနက်က လာရောက်ပြသသည့် လူနာများကို ကုသမှုဆောင်ရွက်ပေးနေစဉ်။

ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူအများစုရဲ့ အထွေထွေ ကျန်းမာရေးကိစ္စရပ်တွေကို ဆောင်ရွက် ပေးနိုင်ဖို့အတွက် အခုလို ဆေးပေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်၊ ခုချိန်မှာ ကူးစက်မှုတွေကလည်း များပြား လာတယ်၊ Stay at Home ကာလ အနေနဲ့ အိမ်ထဲမှာ နေထိုင်ကြဖို့၊ အပြင်မထွက်ဖို့ ညွှန်ကြားထားတယ်၊ တစ်ဖက်မှာ လည်း ပုဂ္ဂလိက ဆေးပေးခန်းတွေကလည်း ပိတ်ထားတာဖြစ်တဲ့အတွက်  ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး အခက်အခဲကို စနစ်တကျ ဖြေရှင်းပေးနိုင်ဖို့နဲ့ ကုသပေးနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက် ပေးခြင်းဖြစ် ပါတယ်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ထင်ရှားအောင် က ပြောကြားခဲ့သည်။

ဒလမြို့နယ်ပြည်သူ့ဆေးရုံအတွင်း၌  ပြင်ပလူနာများအတွက် ဆေးပေးခန်း ခု၊  အနံ့မရသော လူနာများ အတွက် သီးသန့်ဆေးပေးခန်း ခု စုစုပေါင်း ခု ဖွင့်လှစ်ထားရှိပြီး  မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှု များဖြင့် အဆိုပါ ဆေးပေးခန်းတွင် ဆရာဝန် နှစ်ဦး၊ သူနာပြုဆရာ၊ ဆရာမများက အလှည့်ကျဖြင့်  နံနက် နာရီ မှ နေ့လည် ၁၂ နာရီထိ  နှင့်  နေ့လည် နာရီမှ ညနေ နာရီအထိ ဆေးပေးခန်းဖွင့်လှစ်၍ မြို့နယ်အတွင်းရှိ ဖျားနာ၊ လူနာများနှင့် အထွေထွေရောဂါလူနာများကို ကုသဆောင်ရွက်ပေးလျက်ရှိရာ မည်သူမဆိုအခမဲ့ လာရောက်ပြသ နိုင်ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)