ဖယ်ခုံ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲဈေးတွင် မြို့နယ် COVID-19 ရောဂါ အသိပညာ ပေးရေးအဖွဲ့အမှတ် (၃)မှ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးရောင်းချသူများ ဈေးရောင်းချခွင့် ဈေးဝယ်ခွင့်ကတ်ပြားအား မြို့နယ်စည်ပင်သာယာရေးဌာနမှ ဈေးရောင်ခွင့်ကတ်ပြား ထုတ်ပေးခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က မိသားစုတစ်စုလျှင် ဈေးဝယ်ခွင့်ကတ်ပြား တစ်စောင်စီ ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဈေးရောင်း ဈေးဝယ်သူများ အရောင်းအဝယ်မပျက် ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အသိ ပညာပေးဆောင်ရွက်ခြင်း၊ ဈေးဝယ်/ဈေးရောင်းချသူများက Mask မဖြစ်မနေတပ်ဆင်ခြင်း၊ မျက်နှာ အကာအကွယ်တပ်ဆင်ပြီးမှ ဈေးအတွင်းဝင် ရောက်စေခြင်း၊ ဈေးဝယ်ခွင့်ကတ်ပြားပါမလာပါက ဈေးအတွင်းဝင်ရောက်ခွင့်မပြုခြင်း အစရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အား ပြည်သူအားလုံးတို့မှ တိတိကျကျလိုက်နာ ဆောင်ရွက်ကြစေရေးအတွက် အသိပညာပေး စည်းရုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းလင်းခိုင်ထံမှ သိရှိရသည်။
Covid-19 ရောဂါအသိပညာပေးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တို့ဖြင့်ပူးပေါင်း၍ ဖယ်ခုံ မြို့မဈေး၊ မြို့နယ်အ၀င်နှင့် မိုးဗြဲဈေးတို့တွင် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)