ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သံတောင်မြို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊သံတောင်ကြီးမြို့နယ်၊သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက သံတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ် ရဲတပ်ဖွဲ့မှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၇ နာရီက ဆောမြို့ ဇေယျာရပ်ကွက်ရှိ အမှတ်(၁)မူလွန်ကျောင်း ဝင်းအတွင်းနှင့် အပြင်လမ်းဘေးတစ်လျှောက် ချုံနွယ်ပေါင်းမြက်များကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

လိပ်သိုမြို့ စိုက်ပျိုးရေး ဦးစီးဌာန ရုံးတွင် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး တောင်သူ အသိပညာ ပေး ဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက် နေ့လည်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လယ်ဒီရေတိုက်စားမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာတွင် အပူပိုင်းမုန်တိုင်းနို(လ်) အရှိန်ကြောင့်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ရေမြင့်တက်ခြင်းတို့ကြောင့် စက်တင်ဘာ ၂၀ ရက်နေ့က လူနေအိမ် (၉) လုံး ပျက်စီး ဆုံးရှုံးခဲ့ရသည်။

မိတ္ထီလာမြို့နယ်တွင် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြေသားရေကန်တူးဖော်ခြင်း ၊ ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလှမ်း ရရှိစေရန် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ (၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြေသားရေကန်တူးဖော်ခြင်း ၊ ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း များနှင့် လမ်းဘေးဝယ်ယာ ရေနုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပျားစခန်းကျေးရွာအ.ထ.ကကျောင်း စောင့်ကြည့်ရေးစင်တာသို့ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာ အ-ထ-ကကျောင်း အသွားအလာ ကန့် သတ်စောင့်ကြည့်ရေးစင်တာတွင်  ဓါတ်ခွဲအတည်ပြုလူနာတစ်ဦးနှင့်   အနီးကပ်ထိတွေ့ခဲ့သည့်အိမ်ထောင်စုများအား  တစ်ကိုယ်ရေသုံးပစ္စည်းနှင့်  အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို Local Recourse Center ၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုအတွင်း ကိုဗစ်−၁၉ ရောဂါကြောင့် အလုပ် အကိုင်နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ ပဉ္စမအကြိမ်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)စီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃) ကြိမ်‌မြောက်ကြက်ခြေနီဗဟိုကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပါဝင်‌ဆွေးနွေး

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃) ကြိမ်မြောက်ဗဟိုကောင်မတီ အစည်းအဝေးကို Virtual Meeting ဖြင့် စက်တင်ဘာ (၂၅) ရက်နေ့တွင် ကျင်းပရာ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တက်ရောက် ဆွေးနွေးကြသည်။

ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှတစ်အိမ်ထောင်လျှင် ကျပ် (၂)သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀)နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Subscribe to