(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ အမှတ် (၁၆) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲနှင့် အမှတ် (၁၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင် (၁၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးမျိုးစိုက်ထည့်မှု လျာထားချက် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးသယံဇာတ တိုးပွားစေရေး၊ ငါးမျိုးပြုန်းတီးမှု တားဆီးကာကွယ်ရေးနှင့် ကျေးလက်နေ ပြည်သူများ စပါးရိက္ခာ ငါးရိက္ခာဖူလုံစေရေးအတွက် မြို့နယ်ပေါင်းသုံးမြို့နယ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက တန့်ဆည်မြို့နယ် ရွှေကတော် အုပ်စု မြသိန်းတန်ကွင်း ၊ ကွင်းအမှတ် (၁၁၁၈) တောင်သူ ဦးဆန်းဝင်း၏ မိုးစပါးစိုက်ခင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ငါးမျိုးများစိုက်ထည့်ခဲ့ကြသည်။

လေးမျက်နှာမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

ဧရာဝတီုင်းဒေသကြီး၊ လေးမျက်နှာမြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အရည်အသွေးကောင်းစပါးမျိုးများ ဂန့်ဂေါတွင် ယှဉ်ပြိုင်စမ်းသပ်

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်း၍ အရည်အသွေးကောင်းစပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းကို ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် ဆောင်ရွက်လျက် ရှိသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြောင့် အလုပ်အကိုင်နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ဝင်ဂိတ်များတွင် အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းသဲဗြုန်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပီကင်းလုံးဖိ ကျေးရွာတွင်းလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာနှင့် တာ၀န်ရှိသူများမှ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မန္တလေးဘူတာကြီးမှ ပြေးဆွဲလျက်ရှိသည့် မန္တလေး-ရန်ကုန်ခရီးစဉ်တွင် ရထားခရီးစဉ်အချို့ ယာယီရပ်နား

မြန်မာ့မီးရထား မန္တလေးဘူတာကြီးမှ ပြေးဆွဲလျက်ရှိသည့် မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၃)အဆန်၊ (၄)အစုန် ရန်ကုန်လူစီးရထားကို စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ယာယီရပ်နား လိုက်ကြောင်း မန္တလေးဘူတာကြီး တာဝန်ခံထံမှသိရသည်။

ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွှေ့ပြောင်းရသည့် အိမ်ထောင်စုများအတွက် မြေနေရာချထားပေး

ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းရသည့် အနောက်သီရီကျေးရွာ အိမ်ထောင်စုများအတွက် မြေနေရာချထားပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ရွှေ့ပြောင်းရမည့် ပေါက်တောကွင်း ကွင်းအမှတ် ၄၂၇ တွင် ပေးအပ်သည်။
Subscribe to