ကျီခါးမြို့၌ ဝဥစိုက်တောင်သူများထံ ဝဥမျိုး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝဥစိုက်တောင်သူများထံ (ဝဥ)မျိုး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမှတ်(၃)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့ မူလတန်းကြို ကျောင်း၌ Gender, CEDAW, NSPAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများ တိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းနှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမှတ်(၃)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ Gender, CEDAW, NSPAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ အမျိုးသမီးများ တိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းနှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ၌ အလှူရှင်များနှင့် ကျေးရွာပြည်သူများပူးပေါင်း တည် ဆောက်ထားသည့် ဖတ်မာကြိုးတံတားသစ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာမှ ပေါ်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်သို့ သွားလမ်းပေါ်ရှိ ဖတ်မာချောင်းတွင် ဘုရားဖူးပြည်သူများ ရာသီမရွေး အန္တရာယ်ကင်းစွာ ဖြတ်သန်း သွားလာ နိုင်ရေး အတွက် အလှူရှင်များ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာပြည်သူများ ထည့်၀င် လှူဒါန်းငွေများဖြင့် တည်ဆောက်ထားသည့် ဖတ်မာကြိုးတံတား သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် အဆိုပါ ကြိုးတံတား သစ်နေ ရာ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ဘဲလင်းကျေးရွာရှိ အထပ်သားစက်ရုံမီးလောင်မှုဖြစ်ပွား

ယနေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ဘဲလင်းကျေးရွာ အထပ်သားစက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ် စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ ဘဲလင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ အမရပူရမြို့နယ်မီးသတ်စခန်း၊ ပြည်ကြီးတံခွန် မြို့နယ်မီးသတ်စခန်းနှင့် ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၁၀) စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိန်စ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မူဆယ်ခရိုင်၌ ကျောင်းသား၊ ကျောင်းသူ(၄၅၁၁)ဦး ဝင်ရောက်ဖြေဆို

၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ် (၁၁)ရက်‌နေ့၌ မြန်မာနိုင်ငံတစ်နိုင်လုံး အတိုင်းအတာဖြင့် စတင်‌ဖြေဆိုခဲ့ပြီဖြစ်ရာ ယနေ့  စတင်ဖြေဆိုသည့် မြန်မာစာဘာသာရပ်နေ့တွင် မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့များရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ကျောင်းသူ(၄၅၁၁)ဦး ဝင်ရောက်ဖြေဆိုသည်။

(၈)ကြိမ်မြောက် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်အတွက် (၈)ကြိမ်မြောက် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်း အမျိုးသားနေ့ အထိမ်း အမှတ်ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လယ် ၂ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာ အုပ်စု၊ ပုံးလောင်းကျေးရွာရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဗိုလ်လုပွဲကို ဘုရားဖြူအသင်းနှင့် ခိုဖွန်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဘုရားဖြူအသင်းက ခိုဖွန်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရ သည်။

ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲ စကားဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ စသည့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံနှင့် အဝှမ်း နေရာအနှံ့အပြားတွင် ဆောက်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီ က မူကြို ကျောင်းသား/ ကျောင်းသူ လေးများ ဆေးရောင် ခြယ်ပြိုင် ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးလုံးဆိုင်ရာ ဓမ္မစကူးလ်အလုပ်အမှုဆောင်ကော်မတီ၏ စတုတ္ထအကြိမ်(၄)လပတ် အစည်းအဝေးကျင်းပ

ဓမ္မစကူးလ်ကျောင်းများ ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် မြို့နယ်အသီးသီးမှ ဓမ္မစကူးလ်နှင့်ပတ်သက်သော အောင်မြင်မှုရလဒ်များအတွက် တိုင်းဒေသကြီးလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက်(၄)လ ပတ်အစည်းအဝေးကို ဖောင်းပြင်မြို့နယ် ရွှေညောင်ပင် ကျေးရွာရှိ ရွှေပုဂံကျောင်းတိုက်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ်  ၁၂ နာရီ အချိန်က စာအုပ်စာပေ ချစ်မြတ်နိုးသည့် (Book Club) အသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
Subscribe to