ထန်းတပင်မြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ)အုတ်ဖို ကန့်သတ်စောင့်ကြည့်ရေးစင်တာသို့  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ထန်းတပင်(ရန်ကုန်) စက်တင်ဘာလ  ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင် စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာလေးခုကို မြို့နယ်အတွင်းဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး စက်တင်ဘာလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်း က ..က(ခွဲ)အုတ်ဖို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ မြို့မပရဟိတ လူငယ်အဖွဲ့နှင့် အလှူရှင်များက ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများကို သွားရောက်လှူဒါန်းပေး ခဲ့ကြသည်။

ထို့သို့လှူဒါန်းရာတွင် ..က(ခွဲ)အုတ်ဖို အသွားအလာ ကန့်စောင့်ကြည့်ရေးစင်တာတွင် အသွားအလာ ကန့်သတ်ထားရှိသူများနှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက် နေကြ သူများအတွက် အလှူရှင် ဦးဝင်းရွှေ(အောင်ချမ်းမြေ့) မိသားစု၊ ဦးအေးနိုင် (ကျော်-ဓာတ်မြေသြဇာနှင့် စက်သုံးစီရောင်းဝယ်ရေး) မိသားစုတို့နှင့် မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများဖြစ်သည့် PPE Level-2 ဝတ်စုံ ()စုံ၊ နှာခေါင်းစည်း (Mask) အခု(၁ဝ၀၀) MMK 9.2 Liters ဆေးရည်()ပုံး၊ မျက်နှာအကာ(Face Shields)အခု(၁၅) လက်သန့်ဆေးရည်(Hand Sanitizer) (၁၀၀ML)ဘူး (၃၆) ခေါင်းစွပ်အခု (၁ဝဝ) ရေသန့်()လုံးပါ(၁၅)ကတ်နှင့် လက်အိတ်များ တို့ကိုစင်တာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရ သည်။

ဇင်မင်းထိုက်(ပြန်/ဆက်)