ဟိုပုံး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အား ယနေ့မွန်းလွဲ ၂ နာရီအချိန် က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက်၊ နယ်မြေ(၃)တွင် ယမန်နေ့မွန်းလွဲ (၁၂)နာရီ အချိန်ခန့် က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးဘေးသင့်သည့်နေအိမ်သို့ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ် ဦးစီးမှူး ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မီးဘေးသင့် နေအိမ်သို့သွားရောက်၍ အားထောက်ပံ့ငွေတစ်သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)