လဲချားမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ကွင်းဆင်းထုတ်ချေး

လဲချား  စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၂၃)ယူနစ်မှ အကျိုးပြုကျေးရွာ (၃၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့မွန်းလွဲ (၃)နာရီအချိန် က ဟိုနောင်လုံကျေးရွာမှ အသင်းဝင် (၇၉)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေကို ကွင်းဆင်းထုတ်ချေး ပေးခဲ့ သည်။

ရှေဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်း က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်မည့်အသင်းဝင် (၇၉)ဦးတို့အတွက် ချေးငွေပေါင်း (၄၃၇)သိန်းကို ရန်ပုံငွေများတိုးတက်လာစေရေးအတွက် ဟိုနောင်လုံကျေးရွာမှ မြစိမ်းရောင် စီမံကိန်း ကော်မတီဝင်များနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)