ကန်ပက်လက်မြို့၌ ဥပဒေအထောက်အကူပေးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကန်ပက်လက်၊  စက်တင်ဘာ  ၂၆

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင်စတင်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူများအ‌နေဖြင့် အကူအညီတောင်းခံလာသည့်အခါတွင် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူများကို ကူညီဆောင်ရွက်ပေးကြခြင်းဖြစ် ကြောင်းနှင့် ယင်းလက်ကမ်းစာစောင်တွင် ဥပဒေဆိုင်ရာ အကူအညီတောင်းခံနိုင်ရန် ချင်းပြည် နယ်အတွင်း မြို့နယ် (၉) မြို့နယ်ရှိ  ဥပဒေဆိုင်ရာ အထောက်အကူပေးအရေးအဖွဲ့များ၏ အမည်နှင့် ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းထားကြကြောင်း သိရသည်။

ကန်ပက်လက်မြို့တွင်းရှိ  မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ကန်ပက်လက်ဈေးများတွင် ဖြန့်ဝေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)