ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Worldview International Foundation မှ ကျန်မာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

ရွှေသောင်ယံ၊ စက်တင်ဘာ ၂၆

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ရွှေသောင်ယံ မြို့အမှတ် (၃) ရပ်ကွက်ရှိ Worldview International Foundation မှ ယမန်နေ့နံနက် (၁၁) နာရီက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးအ‌ထောက်အကူပြု ပစ္စည်း များမှာ Surgical Mask(၃၀)ဗူး၊ Hand Gel(500ml)(၁၀)ဗူး၊ Surgical Gown(၃၀)ခု၊  Gloves(M-size) (၅)ဗူး၊ lnfra-Thermometer(၃)ခု၊ N95Mask (20pcs/box)(၁၀)ဗူး၊ PPEsuit(၂၀)စုံ၊ Bacteria Filtration Efficiency cap(၁၀၀)ခု၊ Sprayer equipment-16 Liter(၃)ဗုံး၊ စသည်ဖြင့် ငွေကျပ်(၇၇၃၀၀၀)တန်ဖိုးရှိ အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ၊ ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာရဲလင်းတိုး၊ သဘော့ကန်ကျေးလက် ကျန်းမာရေးမှူး ဦးမျိုးအောင်‌‌ကျော်နှင့် ကျန်းမာရေးဆရာ၊ ဆရာမများ၊ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြသည်။

ကိုကိုမောင် (ပြန်/ဆက်)