ငွေဆောင်မြို့တွင် (Stay at Home)ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စမှလွဲ၍ သွားလာ ခြင်းမပြုရန် အသိပညာပေးဆောင်ရွက်
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၅) ရက် နေ့ ထုတ်ပြန်ချက်အရ (Stay at Home )ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေ ကိစ္စများမှလွဲ၍ မလိုအပ်ဘဲ ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် အသိပေးကြေညာချက်ကို ပြည်သူ များသိရှိစေရန် စက်တင်ဘာလ ၆ ရက်နေ့က ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပေးကြေညာခဲ့ပြီးနောက် အိမ်ထောင်စုတစ်စုလျှင် ရပ်ကွက်/ကျေးရွာအတွင်း သွားလာခွင့် ကတ်ပြားတစ်ခုထုတ်ပေး ခဲ့သည်။