မြောက်ဥက္ကလာပ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ ထားရှိနိုင်မည့် ကျောင်းများကို ယနေ့ နံနက် ၈ နာရီမှစ၍ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရာတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့် အ.ထ.က(၁)Quarantine Centre အဆောင်များ၏ ဘေးဘက်ဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများနှင့် ထပ်မံဖွင့်လှစ်မည့် အ.ထ.က(၂)ကျောင်းခြံဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများကို မြတ်ရိတ်စက်ဖြင့် မြို့နယ် စည်ပင်ဝန်ထမ်းများက ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် Quarantine Centreများကို မယ်လမုသုံးထပ်ဓမ္မာရုံ၊ အ.ထ.က(၁)၊ အ.ထ.က(၅)၊ အ.ထ.က(၇)၊ အ.ထ.က(ခွဲ)လ(၁၀)၊ စက်မှုလက်မှုကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Quarantine Centreများတွင် Quarantineဝင်ရောက်သူများပြည့်မီပါက အဆင်ပြေနိုင်မည့် ကျောင်းများနှင့် ဓမ္မာရုံများတွင် Quarantine Centreများ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)